IEC အကြောင်း
ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ
ကိုလိုနီခေတ်မတိုင်မီနှင့် ကိုလိုနီခေတ်နှောင်း မြန်မာနိုင်ငံလွတ်လပ်ရေးရယူသည့်အချိန်အထိ ကရင်နီပြည်သည် သီးခြားလွတ်လပ်ခဲ့သည့် အချုပ်အခြာအာဏာပိုင်နိုင်ငံ တစ်ခုဖြစ်ခဲ့သည်။ မြန်မာနိုင်ငံ လွတ်လပ်ရေးရယူပြီး ပြည်တွင်းစစ်ကြီးအတွင်းသို့ ကရင်နီပြည်အား သွတ်သွင်းခြင်းခံခဲ့ရသကဲ့သို့ ၁၉၅၂ ခုနှစ်တွင် ကရင်နီပြည်ဟူသည့် အမည်အား ကယားပြည်နယ်အဖြစ်သို့ ပြောင်းလဲခေါ်ဝေါ်ခဲ့သည်။ ထို့အတူ ဗိုလ်နေဝင်းအမှူးပြုသည့် အိမ်စောင့်အစိုးရမှ ၁၉၅၉ ခုနှစ်၊ မတ်လ၊ ၉ ရက်နေ့တွင် နယ်ရှင်တို့၏ နယ်အုပ်ချုပ်ရေးအာဏာစွန့်ရေး အဆိုပြုချက်ကိုအတည်ပြုခဲ့ပြီး ဧပြီလ၊ ၂၉ ရက်နေ့တွင် အာဏာစွန့်ခဲ့ရသည်။ ကရင်နီပြည်ခေါင်းဆောင်များနှင့် …
ရည်ရွယ်ချက်
- (၁) ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်များကို ကာကွယ်ပေးရန်၊
- (၂) အရေးပေါ်လိုအပ်ချက်များကို အချိန်နှင့် တပြေးညီ ကူညီဆောင်ရွက်ပေးရန်၊
- (၃) တရားဥပဒေစိုးမိုးရေးနှင့် လုံခြုံရေးကို …
အခြေခံစံတန်ဖိုးများ
ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ၏ အခြေခံစံတန်ဖိုးများ မှာ အောက်ပါအတိုင်းဖြစ်သည်။
- (၁) ပြည်နယ်အုပ်ချုပ်ရေးဖော်ဆောင်ရာတွင် ညီညွတ်ရေးနှင့် အားလုံးပါဝင်နိုင်ရေးကို စံထားပြီး ဆောင်ရွက်…
ဦးတည်ချက်
- (၁) ကရင်နီပြည်၏အုပ်ချုပ်ရေးကို ကြားကာလအစီအမံနှင့်အညီ လက်တွေ့ အကောင်အထည်ဖော်ရန်၊
- (၂) ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်၊ ဘဝလုံခြုံရေး နှင့် အခြားအခြေခံ လိုအပ်မှုများ ကို ပြန်လည်ဖြည့်ဆည်းပေ…
နိုင်ငံရေးလမ်းပြမြေပုံ
- (၁) ကရင်နီပြည်ရှိပါဝင်ဆက်နွယ်သူများ(stakeholders)၏ ညီညွတ်ရေးနှင့် ပူးပေါင်းပါဝင်ရေးကို ပိုမိုအားကောင်းစေရန် ဆောင်ရွက်ခြင်း၊
- (၂) အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ(NUCC)၊အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ အခြားတိုင်းရင်းသား …
နောက်ဆုံးရသတင်းများ
ဆက်သွယ်ရန်
လှူဒါန်းရန်
ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီသည် ပြည်တွင်း၊ပြည်ပပြုသူလူထုများ၏ ထောက်ပံ့ကူညီမှုနှင့် နိုင်ငံတကာအလှူရှင်အဖွဲ့အစည်းများ၊ နိုင်ငံတကာအစိုးရများထောက်ပံကူညီမှုဖြင့် ကရင်နီပြည်သူလူထုထံသို့ အခြေခံ ပြည်သူ့ဝန်ဆောင်မှုများကို ဆောင်းကျဥ်းပေးလျက်ရှိပါသည်။ ရရှိလာသော ရန်ပုံငွေများကိုလည်း ပွင့်လင်းမြင်သာမှု၊တာဝန်ခံမှုတို့ဖြင့် စနစ်တကျ စီမံခန့်ခွဲကာ အများပြည်သူထံသို့ ပြန်လည်အစီရင်ခံမှုများကို ဆောင်ရွက်လျက်ရှိသည်။ထို့ကြောင့် အားလုံးအကြုံးဝင်သော ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများကို ဆက်လက်အကောင်အထည်ဖော်ဆောင် နိုင်ရန်အတွက် ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီအား အောက်ပါ ဘဏ်အကောင့်များမှ တဆင့်ကူညီထောက်ပံ့မှုများပြုလုပ်နိုင်ပါသည်။
SCB ဘဏ်၊ NUG Pay သို့မဟုတ် SDB ဘဏ်အကောင့်များမှတဆင့် အောက်ဖော်ပြပါအကောင့်သို့ တိုက်ရိုက်လှူဒါန်းနိုင်ပါသည်။