လူသားချင်းစာနာထောက်ထားရေးနှင့် ပြန်လည်ထူထောင်ရေးဌာန
ခွံမာတီးယာ
ဌာနမှူးကြီး
မော်ရိရီ
ဒု-ဌာနမှူး (၁)
ခွန်းအောင်သီဟ
ဒု-ဌာနမှူး (၂)
နောက်ခံအကြောင်း
၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ (၇) ရက်တွင် လူသားချင်းစာနာထောက်ထားရေးနှင့် ပြန်လည်ထူထောင်ရေးဌာနကို စတင်ဖွဲ့စည်းခဲ့ပြီး ကြားကာလအတွင်း ကရင်နီပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်၊ ဘဝရှင်သန်လုံခြုံရေး၊ တရားဥပဒေစိုးမိုးမှုတည်ဆောက်ရေး၊ ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများနှင့် အရေးပေါ်လိုအပ်ချက်များကို အချိန်နှင့်တပြေးညီ ဖြည့်ဆည်း တုံ့ပြန်ဆောင်ရွက်နိုင်ရေးတို့အတွက် ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။
ရည်ရွယ်ချက်
(က) ကရင်နီပြည် လူထုတစ်ရပ်လုံးအနေဖြင့် လူ့ဂုဏ်သိက္ခာနှင့်အညီ အခြေခံဝန်ဆောင်မှုများနှင့် ကာကွယ်စောင့်ရှောက်မှုများ ရရှိစေရန်။
(ခ) အခြေခံဝန်ဆောင်မှုများကို အချိန်နှင့်တပြေးညီ ပံ့ပိုးကူညီနိုင်ရန်အတွက် လိုအပ်သည့် အရင်းအမြစ်များအား ရှာဖွေစုဆောင်းခြင်း၊ ချိတ်ဆက်ပူးပေါင်းဆောင်ရွက်ခြင်းတို့ကို စနစ်တကျ လုပ်ဆောင်နိုင်ရန်။ (ဂ) ဌာနအနေဖြင့် ပီပြင်စွာ ဖြစ်ပေါ်လာရေးနှင့် လူထုလိုအပ်ချက်များကို အရည်အသွေးပြည့်မှီစွာ ဝန်ဆောင်မှုပေးနိုင်ရန်။ဌာနဖွဲ့စည်းပုံ
လူသားချင်းစာနာထောက်ထားရေးနှင့် ပြန်လည်ထူထောင်ရေးဌာနကို ဌာနမှူးကြီးတစ်ဦး၊ ဒုတိယဌာနမှူး (၂) ဦးတို့မှ ဦးဆောင်ပြီး လူသားချင်းစာနာထောက်ထားရေးဌာနခွဲ၊ အရေးပေါ်တုံ့ပြန် ဌာနခွဲ၊ စီမံအုပ်ချုပ်ရေးဌာနခွဲတို့ဖြင့် ဖွဲ့စည်းသည်။
စီမံအုပ်ချုပ်ရေး ဌာနခွဲဖွဲ့စည်းပုံ
အရေးပေါ်တုံ့ပြန်ရေးဌာနခွဲ ဖွဲ့စည်းပုံ
လူသားချင်းစာနာထောက်ထားရေးနှင့်ပြန်လည်ထူထောင်ရေးဌာန မြို့နယ်ဦးစီးမှူးရုံး
လုပ်ငန်းဆောင်ရွက်ချက်များ
ဌာနအနေဖြင့် လူသားချင်းစာနာထောက်ထားရေးနှင့် ကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများအဖြစ် အခြေခံအစားအစာ၊ အာဟာရနှင့် နေထိုင်ခြင်းဆိုင်ရာများ ပံ့ပိုးပေးခြင်း၊ အရပ်သားကာကွယ်ရေးဆိုင်ရာ ပံ့ပိုးမှုများပြုလုပ်ခြင်း၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲတုံ့ပြန်ခြင်းတို့ကို စစ်ရှောင်စခန်းကော်မတီများမှ တဆင့်သော်လည်းကောင်း၊ ကျေးရွာ၊ ကျေးရွာအုပ်စု၊ မြို့နယ်အုပ်ချုပ်ရေးများမှတဆင့် အချက်အလက်ရယူ၍သော်လည်းကောင်း ထောက်ပံ့ကူညီလျက်ရှိပြီး နိုင်ငံအတွင်းနှင့် နိုင်ငံတကာအဖွဲ့အစည်းများဖြင့် ပေါင်းစပ်ညှိနှိုင်းကာ အကူအညီရရှိနိုင်ရန် ချိတ်ဆက်ဆောင်ရွက်လျက်ရှိသည်။
ဆက်သွယ်ရန်
Signal no: +66 955751315
Email: IEC_dept.humanitarian@protonmail.com