ကျန်းမာရေးဌာန
ခွန်းဖိလစ်
ဌာနမှူးကြီး
(လစ်လပ်)
ဒု-ဌာနမှူး (၁)
ဒေါက်တာအဲလ်ဖရက်
ဒု-ဌာနမှူး (၂)
(လစ်လပ်)
ဒု-ဌာနမှူး (၃)
နောက်ခံအကြောင်း
၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ (၇) ရက်တွင် ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီမှ ကျန်းမာရေးဌာနကို စတင်ဖွဲ့စည်းခဲ့ပြီး ကျန်းမာရေး CDM များ၊ ပညာရှင်များ၊ တိုင်းရင်းသားကျန်းမာရေး အဖွဲ့အစည်း (EHOs) များ၊ အခြားကျန်းမာရေးအင်အားစုများနှင့် ပူးပေါင်းဆောင်ရွက်ကာ ကျန်းမာရေး ဌာနကို လည်ပတ်လျက်ရှိသည်။
ရည်ရွယ်ချက်
ကရင်နီပြည်တွင်းရှိ လူတိုင်းအတွက် တာဝန်ခံမှုရှိပြီး တန်းတူညီမျှသော ဖက်ဒရယ်ကျန်းမာရေး စနစ်တစ်ခုကိုတည်ဆောက်ကာ ကျန်းမာရေးဝန်ဆောင်မှုများကို ပြည့်ဝစွာရရှိခံစားစေနိုင်ရန်။
ဌာနဖွဲ့စည်းပုံ
ကျန်းမာရေးဌာနကို ကုသရေးဌာနခွဲ၊ ပြည်သူ့ကျန်းမာရေးဌာနခွဲ၊ ကျန်းမာရေး သတင်းအချက် အ လက်နှင့် စာရင်းအင်းဌာနခွဲ၊ စီမံအုပ်ချုပ်ရေးနှင့် ဘဏ္ဍာရေးဌာနခွဲတို့ဖြင့် ဖွဲ့စည်းထားသည်။ ကုသရေး ဌာနခွဲကို တမောထျာ ဆေးရုံ၊ O1 ဆေးရုံ၊ ကရင်နီပရဟိတဆေးခန်း တို့ဖြင့်လည်းကောင်း၊ ဖီးနစ်ပြန်လည်ထူထောင်ရေးစင်တာ၊ ဖီးနစ်ခြေတုအလုပ်ရုံတို့ဖြင့် လည်းကောင်း၊ မြို့နယ်ကျန်းမာရေး ဦးစီးအရာရှိများဖြင့် ပြည်သူ့ကျန်းမာရေးဌာနခွဲကိုလည်းကောင်း ဖွဲ့စည်းပြီး ဌာနတခုလုံးတွင် ဝန်ထမ်း (၁၁၅) ဦးဖြင့် လည်ပတ်လျက်ရှိသည်။
လုပ်ငန်းဆောင်ရွက်ချက်များ
ကျန်းမာရေးဌာနသည် ကျန်းမာရေးပညာပေးခြင်း၊ ဖွား/သေစာရင်းများပြုစုခြင်းနှင့် မွေးလက်မှတ်ထုတ်ပေးခြင်း၊ ကျန်းမာရေးဆိုင်ရာဝန်ဆောင်မှုသတင်းအချက်အလက်များ စုစည်းခြင်း၊ ကုသရေး၊ ပြည်သူ့ကျန်းမာရေး၊ ရောဂါနှိမ်နင်းရေးတို့နှင့်သက်ဆိုင်သော လုပ်ငန်းလမ်းညွှန်များ ရေးဆွဲခြင်း၊ ကရင်နီပြည် အစားအသောက်နှင့် ဆေးဝါးများ ကြီးကြပ်ရေးကော်မတီ (KFDMC) ၏ လုပ်ငန်းများအား စည်ပင်သာယာရေးအဖွဲ့နှင့် ပူးပေါင်းလုပ်ဆောင်ခြင်း၊ ကရင်နီပြည်အတွင်းနှင့် ကရင်နီပြည်ပြင်ပရှိ ကျန်းမာရေးအင်အားစုများ၊ အလှူရှင်များ၊ နိုင်ငံတကာအဖွဲ့အစည်းများ၊ ဌာနဆိုင်ရာ များနှင့် ချိတ်ဆက်ဆောင်ရွက်ခြင်းတို့ကို ပြုလုပ်လျက်ရှိသည်။
ဖွဲ့စည်းပုံ

ဆက်သွယ်ရန်
Email – iechealthoffice23@gmail.co