လူငယ်ရေးရာဌာန
ခွန်းသောမတ်(စ်)
ဌာနမှူးကြီး
မော်လူမြာ
ဒု-ဌာနမှူး (၁)
ခွံနေမင်းလွင်
ဒု-ဌာနမှူး (၂)
ဂျွန်ပေါလ်
ဒု-ဌာနမှူး (၃)
နောက်ခံအကြောင်း
၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ (၅) ရက်တွင် ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ၏ လူငယ်ရေးရာဌာနကို ကရင်နီပြည်လူငယ်မူဝါဒအရ ဖွဲ့စည်းခဲ့သည်။
ဌာနဖွဲ့စည်းပုံ
ကရင်နီပြည် လူငယ်ရေးရာကော်မတီမှ ရွေးချယ်အဆိုပြုတင်သွင်းသော ဌာနမှူးကြီး၊ ဒုဌာနမှူး(၃)ဦးတို့မှ လူငယ်ရေးရာဌာနကို ဦးဆောင်လျက်ရှိသည်။ ရုံးစီမံခန့်ခွဲရေးနှင့် ဘဏ္ဍာရေးဌာနခွဲ၊ ပြန်လည်ထူထောင်ရေး ဌာနခွဲ၊ လူငယ်နှင့် နိုင်ငံရေးဌာနခွဲ၊ လူငယ်နှင့် ဖွံ့ဖြိုးရေးဌာနခွဲ၊ လူငယ်နှင့် အလုပ်အကိုင်အခွင့်အလမ်းဌာနခွဲတို့ကို ဖွဲ့စည်းကာ လုပ်ငန်းများလည်ပတ်လျက်ရှိသည်။

ရည်ရွယ်ချက်များ
- (၁)
ကရင်နီပြည်လူငယ်ရေးရာဌာနသည် ကရင်နီပြည်လူငယ်မူဝါဒနှင့် လူငယ်များအား တရားဝင် ကိုယ်စားပြုသော ဌာနတစ်ခုအဖြစ် ရပ်တည်နိုင်ရန်၊ - (၂)
လူငယ်ရေးရာကိစ္စရပ်များအား အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် ကရင်နီပြည် လူငယ်ရေးရာမူဝါဒကို အခြေခံ၍ လုပ်ငန်းတာဝန်များအား ထိရောက်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်၊ - (၃)
ကြားကာလ တော်လှန်ရေးအခန်းကဏ္ဍများတွင် လူငယ်အင်အားစုများအကြား ပိုမိုချိတ်ဆက်မှုရှိပြီး ပူးပေါင်းဆောင်ရွက်မှု အားကောင်းလာစေရန်နှင့် လူငယ်စွမ်းရည်မြှင့်တင်ရေး၊ လူငယ်များ၏ အနာဂတ်ခေါင်းဆောင်မှုအခန်းကဏ္ဍနှင့် ဖက်ဒရယ်ဒီမိုကရေစီ စနစ်သစ်တည်ဆောက်ရေး အခန်းကဏ္ဍများတွင် လူငယ်များ ပိုမိုပါဝင်လာနိုင်စေရန်၊
လုပ်ငန်းဆောင်ရွက်ချက်များ
ရုံးစီမံခန့်ခွဲရေးနှင့် စီမံဘဏ္ဍာဌာနခွဲသည် ဝန်ထမ်းများခန့်အပ်ခြင်းနှင့် စီမံခန့်ခွဲခြင်းဆိုင်ရာ ကိစ္စရပ်များကို တာဝန်ယူဆောင်ရွက်သည်။
လူငယ်နှင့် ပြန်လည်ထူထောင်ရေးဌာနခွဲသည် လူငယ်ပြန်လည်ထူထောင်ရေး မူးယစ်ဆေးဝါး၏ သားကောင်များ ဖြစ်ခဲ့ရသော လူငယ်များအတွက် ပြန်လည်ထူထောင်ရေးစင်တာဖွင့်လှစ်ရန် စီစဥ်လျက်ရှိပြီး လူငယ်နှင့်နိုင်ငံရေးဌာနခွဲအနေဖြင့် လူငယ်အင်အားစုများ အကြား အပြန်အလှန်ရင်းနှီးမှု၊ ယုံကြည်မှုတည်ဆောက်ရေးအတွက် ဆောင်ရွက်လျက်ရှိသည့်အပြင် နိုင်ငံရေးအမြင်ဖွင့်သင်တန်းများအား ပို့ချပေးခြင်း၊ လက်ရှိနိုင်ငံရေးအခင်းအကျင်းများအား ချပြရှင်းလင်းခြင်း၊ လူငယ်ရေးရာကော်မတီ၊ လူမျိုးစုလူငယ်ကော်မတီများနှင့် တွေ့ဆုံဆွေးနွေးခြင်းများကို ဆောင်ရွက်လျက်ရှိပြီး လူငယ်စစ်တမ်း ကောက်ယူရန် ပြင်ဆင်လျက်ရှိသည်။
လူငယ်နှင့်ဖွံ့ဖြိုးရေးဌာနခွဲအနေဖြင့် လူငယ်များ၏ ဘဝဖွံ့ဖြိုးတိုးတက်ရန် သင်တန်းများ ချိတ်ဆက်ဖွင့်လှစ်ရန်ရှိသည့်အပြင် တော်လှန်ရေးကာလအတွင်း ကိုယ်လက်အင်္ဂါဆုံးရှုံးခဲ့ရေသာ လူငယ်များအပါအဝင် လူငယ်အားလုံးအတွက် ပညာရေး၊ ကျန်းမာရေးနှင့် အားကစားစသည့် လုပ်ငန်းများကို လူငယ်အသင်းအဖွဲ့များ၊ အရပ်ဖက်အဖွဲ့အစည်းများနှင့် ချိတ်ဆက်ဆောင်ရွက်ရန် ပြင်ဆင်လျက်ရှိသည်။
လူငယ်နှင့် အလုပ်အကိုင်အခွင့်အလမ်းဌာနခွဲအနေဖြင့် လူငယ်များအတွက် လိုအပ်သည့် အသက်မွေးဝမ်းကျောင်း ဆိုင်ရာ အထောက်အကူပြု အစီအစဥ်များအားဖော်ဆောင်ခြင်းနှင့် သတင်းအချက်အလက်စင်တာများ ထားရှိပေး နိုင်ရန် စီစဥ်လျက်ရှိသည့်အပြင် ဒေသတွင်းထွက်ကုန်များအား အခြေပြု၍ စွန့်ဦးတီထွင်မှုဖြင့် အသက်မွေးနိုင်မည့် လုပ်ငန်းအစီအစဥ်များအား အကောင်အထည်ဖော်လျက်ရှိသည်။
ဆက်သွယ်ရန်
Email- doy@karennistategovernment.org