An Official Website of Karenni State Interim Executive Council Here’s how you know
IEC official website links

Usually end with .ieckarenni.org

Our Trusted websites external link

Secure websites use HTTPS

Look for a lock icon (🔒) or a URL starting with https://.

Only share sensitive info on official, secure websites.

ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ
အမျိုးသမီးနှင့် ကလေးသူငယ်ရေးရာ ဌာန
ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ
အမျိုးသမီးနှင့် ကလေးသူငယ်ရေးရာ ဌာန
ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ
အမျိုးသမီးနှင့် ကလေးသူငယ်ရေးရာ ဌာန
ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ
အမျိုးသမီးနှင့် ကလေးသူငယ်ရေးရာ ဌာန
ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ
အမျိုးသမီးနှင့် ကလေးသူငယ်ရေးရာ ဌာန
ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ

အမျိုးသမီးနှင့် ကလေးသူငယ်ရေးရာ ဌာန

အဂ္ဂသာနုနု

ဌာနမှူးကြီး

မော်သဲမာ

ဒု-ဌာနမှူး (၁)

ရီရီမြင့်

ဒု-ဌာနမှူး (၂)

နောက်ခံအကြောင်း

    ကရင်နီပြည်အတိုင်ပင်ခံကောင်စီမှ ကြီးမှူး၍ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ (၁၈) ရက်တွင် ကျင်းပသော ကရင်နီပြည်အတွင်းရှိ အင်အားစုအသီးသီးပါဝင်သော ညီလာခံမှ အမျိုးသမီးနှင့် ကလေးသူငယ်ရေးရာဆိုင်ရာ လုပ်ငန်းအစီအမံများကို မဖြစ်မနေထည့်သွင်းအကောင်အထည်ဖော်ရန် ဆုံးဖြတ်ခဲ့ကြပြီး ၂၀၂၃ ခုနှစ် အောက်တိုဘာလ (၁၈)​ ရက်တွင် အမျိုးသမီးနှင့် ကလေးသူငယ်ရေးရာဌာန ကို ဖွဲ့စည်းခဲ့သည်။

ရည်ရွယ်ချက်များ

  1. (၁)
    ကြားကာလအတွင်း အမျိုးသမီးများနှင့်ကလေးသူငယ်အခွင့်အရေးများကို အကာအကွယ်ပေး နိုင်သည့်အပြင် ဖွံ့ဖြိုးရေးအစီအစဥ်များကို အာမခံပေးနိုင်သည့် မူဝါဒနှင့်လုပ်ငန်းစဥ်များ ခိုင်မာ စွာထွက်ပေါ်လာစေရန်၊
  2. (၂)
    ကြားကာလအုပ်ချုပ်မှုယန္တရားများအတွင်းနှင့် အရေးကြီးသောဆုံးဖြတ်ချက်ချသည့် အခန်း ကဏ္ဍများတွင် ကျား-မ တန်းတူညီမျှမှုရှိစေရန်အတွက် စုံလင်ကွဲပြားသော အမျိုးသမီးများ ပိုမိုပါဝင်လာနိုင်စေရန်၊
  3. (၃)
    ကြားကာလအတွင်း ကလေးသူငယ်အခွင့်အရေးကို ကာကွယ်ဖြည့်ဆည်းနိုင်သည့် စနစ်တစ်ခု ပေါ်ပေါက်လာစေရန်၊
  4. (၄)
    ကရင်နီပြည်နယ်ရှိ အမျိုးသမီးများ၏ ဘက်စုံ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ယင်းတို့၏ အခွင့်အရေး များကို ကာကွယ်ရန်အတွက် လိုအပ်သော အစီအမံများ၊ မူဝါဒများနှင့် လမ်းညွှန်ချက်များ ပြဌာန်းခြင်းများအပြင် အရေးပေါ်တုန့်ပြန်ဖြေရှင်းရေး အစီအမံများ အကောင်အထည်ဖော် ဆောင်ရွက်ရန်။

ဌာနဖွဲ့စည်းပုံ

    အမျိုးသမီးနှင့်ကလေးသူငယ်ရေးရာဌာနကို ဌာနမှူးကြီးတစ်ဦးနှင့် ဒုတိယဌာနမှူး (၂) ဦးတို့မှ ဦးဆောင်လျက်ရှိပြီး အမျိုးသမီးနှင့် ဂျဲန်ဒါရေးရာဌာနခွဲ၊ ကလေးသူငယ်ရေးရာဌာနခွဲ၊ သုတေသနနှင့် အချက်အလက်စီမံခန့်ခွဲရေးဌာနခွဲ၊ စီမံ/ဘဏ္ဍာဌာနခွဲတို့ဖြင့် လုပ်ငန်းများကို ဆောင်ရွက်လည်ပတ်လျက် ရှိသည်။

 

လုပ်ငန်းဆောင်ရွက်ချက်များ

    အမျိုးသမီးနှင့်ဂျဲန်ဒါရေးရာဌာနခွဲသည် ကရင်နီပြည်ရှိ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုမှ တားဆီးကာကွယ်ရေးဥပဒေမူကြမ်းပြင်ဆင်ခြင်း၊ ဂျဲန်ဒါအခြေပြုအကြမ်းဖက်မှုနှင့်သက်ဆိုင်သော ကိစ္စရပ်များကို စီမံခန့်ခွဲခြင်း၊ အမျိုးသမီးနှင့် ထိလွယ်ရှလွယ်သောအုပ်စုများအတွက် လိုအပ်သော တကိုယ်ရည်သန့်ရှင်းရေးပစ္စည်းများ ငွေကြေးများထောက်ပံ့ခြင်းတို့ကို ဆောင်ရွက်သည်။

    ကလေးသူငယ် ရေးရာဌာနခွဲအနေဖြင့် ကလေးသူငယ်အခွင့်အရေး၊ ကာကွယ်ပေးရေးနှင့်ဆိုင်သော မူဝါဒများ ရေးဆွဲခြင်း၊ ECCD လုပ်ငန်းများဆောင်ရွက်ခြင်း၊ အကူအညီလိုအပ်သော ကလေးငယ်များအား ပံ့ပိုးကူညီခြင်း၊ ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင်များအား အာဟာရဖြည့်စွက်စာများ ထောက်ပံ့ပေးခြင်းတို့ကို ဆောင်ရွက်သည်။

    သုတေသနနှင့် အချက်အလက်စီမံခန့်ခွဲရေးဌာနခွဲမှ လိုအပ်သော အချက်အလက်များ အား စုဆောင်းခြင်း၊ သိမ်းဆည်းခြင်း၊ သုတေသနပြုစုခြင်း၊ ထုတ်ပြန်ခြင်းတို့ကို ဆောင်ရွက်ပြီး စီမံ/ ဘဏ္ဍာဌာနခွဲသည် ရုံးတွင်းစီမံခန့်ခွဲရေးဆိုင်ရာကိစ္စရပ်များကို ဆောင်ရွက်သည်။

ဆက်သွယ်ရန်

ဂျဲန်ဒါအကြမ်းဖက်မှုတိုင်ကြားရန်နှင့် ဝန်ဆောင်မှုများ ရယူနိုင်ရန် ဆက်သွယ်ရန်-

Email: IEC_dept_womendandchild@protonmail.com

Signal Number: +66 6137 41983

Facebook: Department of Women and Child – DoW&C – Karenni Interim Executive Council