ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှုနှင့် ပို့ဆောင်ဆက်သွယ်ရေးဌာန
အယ်လ်ဖောင်းရှို
ဌာနမှူးကြီး
ရီဟားနာ
ဒု-ဌာနမှူး (၁)
စိုင်းကျော်လွင်
ဒု-ဌာနမှူး (၂)
သံချောင်း
ဒု-ဌာနမှူး (၃)
နောက်ခံအကြောင်း
၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၂) ရက်တွင် ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှုနှင့် ပို့ဆောင် ဆက်သွယ်ရေးဌာနကို ဖွဲ့စည်းခဲ့ပါသည်။
ဌာနဖွဲ့စည်းပုံ
ဌာနမှူးကြီး(၁)ဦး၊ ဒု-ဌာနမှူး(၃)ဦးတို့မှ ဌာနကို ဦးဆောင်လျက်ရှိပြီး အထွေထွေညွှန်ကြားရေးမှူး (၁)ဦး၊ ညွှန်ကြားရေးမှူး (၄)ဦး၊ ဒု-ညွှန်ကြားရေးမှူး (၄)ဦး၊ ဦးစီးမှူး (၁)ဦး၊ ဒု-ဦးစီးမှူး (၁)ဦးနှင့် အခြားအဆင့်ဝန်ထမ်း(၉)ဦးဖြင့် ဌာနလုပ်ငန်းများဆောင်ရွက်လျက်ရှိသည်။ ဌာနခွဲများအနေဖြင့် ကုန်သွယ်ရေးဌာနခွဲ၊ ရင်းနှီးမြှုပ်နှံမှုဌာနခွဲ၊ ပို့ဆောင်ဆက်သွယ်ရေးဌာနခွဲ ဌာနခွဲ(၃)ခုဖြင့် လုပ်ငန်းများ လည်ပတ်လျက်ရှိသည်။
လုပ်ငန်းဆောင်ရွက်ချက်များနှင့် ရည်ရွယ်ချက်များ
(၁) ကုန်သွယ်ရေးဌာနခွဲမှ ပို့ကုန်သွင်းကုန်လုပ်ငန်းရှင်မှတ်ပုံတင် ပြုလုပ်ပေးခြင်းနှင့်ပို့ကုန် သွင်းကုန်ပါမစ် ပြုလုပ်ပေးခြင်းများ ပြုလုပ်ပေးလျက်ရှိပြီး ရည်ရွယ်ချက်များမှာ-
- • စားသုံးသူပြည်သူများအနေဖြင့် ကျန်းမာရေးနှင့်ညီညွတ်သော၊ လုံခြုံစိတ်ချရသော ကုန်စည်များ၊ စက်ပစ္စည်းများ၊ အသုံးအဆောင်ပစ္စည်းများ အသုံးပြုနိုင်ရန်၊
- • ပြည်နယ်တွင်း ဝင်ရောက်/ထွက်ရှိသော ပို့ကုန်သွင်းကုန်ဒေတာအချက်အလက်များ စနစ်တကျ မှတ်တမ်းတင်ထားရှိနိုင်ပြီး လိုအပ်သည်များ ဗျူဟာကျကျစီမံခန့်ခွဲနိုင်ရန်၊
- • ပို့ကုန်သွင်းကုန်လုပ်ငန်းရှင်မှတ်ပုံတင်ပြုလုပ်ခြင်းအားဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဖြစ်သော စီမံအုပ်ချုပ်ရေးနှင့်တရားဥပဒေစိုးမိုးရေးလုပ်ငန်းဆောင်ရွက်ရာတွင် အထောက်အကူ ဖြစ်စေရန်။
(၂) ရင်းနှီးမြှုပ်နှံမှုဌာနခွဲမှ ကုမ္ပဏီမှတ်ပုံတင် ပြုလုပ်ပေးခြင်း၊ လုပ်ငန်းမှတ်ပုံတင်ပြုလုပ်ပေးခြင်းနှင့် လုပ်ငန်းသုံးယာဉ်မှတ်ပုံတင် ပြုလုပ်ပေးလျက်ရှိပြီး ရည်ရွယ်ချက်များမှာ-
- • ကုမ္ပဏီထူထောင်ခြင်းလုပ်ငန်း မှတ်ပုံတင်ထားခြင်းအားဖြင့် မိမိ၏လုပ်ငန်းများအတွက် အစိုးရမှ တရားဝင် အကာကွယ်ရရှိနိုင်ရန်၊
- • နိုင်ငံတကာနှင့် ချိတ်ဆက်၍ ပို့ကုန်/သွင်းကုန်လုပ်ငန်းများ တရားဝင်လုပ်ကိုင်နိုင်ရန်၊
- • အစိုးရမှ မှတ်ပုံတင်ထားသော ကုမ္ပဏီများအား နိုင်ငံတကာနှင့်သော်လည်းကောင်း၊ ပြည်တွင်းအခြားကုမ္ပဏီများနှင့် သော်လည်းကောင်း လုပ်ငန်းချိတ်ဆက်ပေးနိုင်ရန်၊
- • ကုမ္ပဏီထောင်ခြင်းအားဖြင့် အစိုးရမှလုပ်ငန်းများကို လုပ်ငန်းလိုင်စင်လျှောက်ထား ရယူနိုင်ရန်၊
- • ဒေသခံပြည်သူလူထုများအနေဖြင့် လုပ်ငန်းများကို အလွယ်တကူ ထူထောင်လုပ်ကိုင် နိုင်ရန်၊
(၃) ပို့ဆောင်ဆက်သွယ်ရေးဌာနခွဲမှယာဉ်လိုင်စင်၊ ယာဉ်မောင်းလိုင်စင်ပြုလုပ်ပေးလျှက်ရှိပြီး ရည်ရွယ်ချက်များမှာ-
- • မော်တော်ယာဉ်များကိုအများပြည်သူဆိုင်ရာနေရာတွင် အန္တရာယ်ကင်းရှင်းစွာ သွားလာနိုင်ရန် သတ်မှတ်ချက်များနှင့်အညီ စစ်ဆေးပြီး မှတ်ပုံတင်ပေးရန်၊
- • မော်တော်ယာဉ် အမျိုးအစားအလိုက် မောင်းနှင်မည့်သူများအား သတ်မှတ် အရည်အချင်းများ ပြည့်မှီမှုရှိ/မရှိ စစ်ဆေးပြီး ယာဉ်မောင်းလိုင်စင် ထုတ်ပေးရန်၊
- • လမ်းအသုံးပြုသူများ သွားလာမှု လွယ်ကူချောမွေ့စေရန်နှင့် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းစေရေး ကာကွယ်ဆောင်ရွက်ရန်၊
- • ယာဉ်ကြောပိတ်ဆို့မှု မဖြစ်ပွားစေရန်နှင့် ယာဉ်အန္တရာယ်ကင်းရှင်းရေး ဆောင်ရွက်ရာတွင် အဆင့်မြင့်နည်းပညာသုံးပို့ဆောင်ရေးစနစ်ကို ထိရောက်စွာ အသုံးပြုရန်၊
- • မော်တော်ယာဉ်ကြောင့်ဖြစ်ပေါ်လာသော သဘာဝပတ်ဝန်းကျင် ထိခိုက်မှုများ လျော့နည်းစေရေး ဆောင်ရွက်ရန်၊
ဖွဲ့စည်းပုံ
ဆက်သွယ်ရန်
Signal No: +66955751828
Mail: TITC_IEC@protonmail.com