An Official Website of Karenni State Interim Executive Council Here’s how you know
IEC official website links

Usually end with .ieckarenni.org

Our Trusted websites external link

Secure websites use HTTPS

Look for a lock icon (🔒) or a URL starting with https://.

Only share sensitive info on official, secure websites.

ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ
ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှုနှင့် ပို့ဆောင်ဆက်သွယ်ရေးဌာန
ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ
ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှုနှင့် ပို့ဆောင်ဆက်သွယ်ရေးဌာန
ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ
ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှုနှင့် ပို့ဆောင်ဆက်သွယ်ရေးဌာန
ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ

ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှုနှင့် ပို့ဆောင်ဆက်သွယ်ရေးဌာန

အယ်လ်ဖောင်းရှို

ဌာနမှူးကြီး

ရီဟားနာ

ဒု-ဌာနမှူး (၁)

စိုင်းကျော်လွင်

ဒု-ဌာနမှူး (၂)

သံချောင်း

ဒု-ဌာနမှူး (၃)

နောက်ခံအကြောင်း

    ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၂) ရက်တွင် ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှုနှင့် ပို့ဆောင် ဆက်သွယ်ရေးဌာနကို ဖွဲ့စည်းခဲ့ပါသည်။

ဌာနဖွဲ့စည်းပုံ

    ဌာနမှူးကြီး(၁)ဦး၊ ဒု-ဌာနမှူး(၃)ဦးတို့မှ ဌာနကို ဦးဆောင်လျက်ရှိပြီး အထွေထွေညွှန်ကြားရေးမှူး (၁)ဦး၊ ညွှန်ကြားရေးမှူး (၄)ဦး၊ ဒု-ညွှန်ကြားရေးမှူး (၄)ဦး၊ ဦးစီးမှူး (၁)ဦး၊ ဒု-ဦးစီးမှူး (၁)ဦးနှင့် အခြားအဆင့်ဝန်ထမ်း(၉)ဦးဖြင့် ဌာနလုပ်ငန်းများဆောင်ရွက်လျက်ရှိသည်။ ဌာနခွဲများအနေဖြင့် ကုန်သွယ်ရေးဌာနခွဲ၊ ရင်းနှီးမြှုပ်နှံမှုဌာနခွဲ၊ ပို့ဆောင်ဆက်သွယ်ရေးဌာနခွဲ ဌာနခွဲ(၃)ခုဖြင့် လုပ်ငန်းများ လည်ပတ်လျက်ရှိသည်။

လုပ်ငန်းဆောင်ရွက်ချက်များနှင့် ရည်ရွယ်ချက်များ

(၁) ကုန်သွယ်ရေးဌာနခွဲမှ ပို့ကုန်သွင်းကုန်လုပ်ငန်းရှင်မှတ်ပုံတင် ပြုလုပ်ပေးခြင်းနှင့်ပို့ကုန် သွင်းကုန်ပါမစ် ပြုလုပ်ပေးခြင်းများ ပြုလုပ်ပေးလျက်ရှိပြီး ရည်ရွယ်ချက်များမှာ-

  • • စားသုံးသူပြည်သူများအနေဖြင့် ကျန်းမာရေးနှင့်ညီညွတ်သော၊ လုံခြုံစိတ်ချရသော ကုန်စည်များ၊ စက်ပစ္စည်းများ၊ အသုံးအဆောင်ပစ္စည်းများ အသုံးပြုနိုင်ရန်၊
  • • ပြည်နယ်တွင်း ဝင်ရောက်/ထွက်ရှိသော ပို့ကုန်သွင်းကုန်ဒေတာအချက်အလက်များ စနစ်တကျ မှတ်တမ်းတင်ထားရှိနိုင်ပြီး လိုအပ်သည်များ ဗျူဟာကျကျစီမံခန့်ခွဲနိုင်ရန်၊
  • • ပို့ကုန်သွင်းကုန်လုပ်ငန်းရှင်မှတ်ပုံတင်ပြုလုပ်ခြင်းအားဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဖြစ်သော စီမံအုပ်ချုပ်ရေးနှင့်တရားဥပဒေစိုးမိုးရေးလုပ်ငန်းဆောင်ရွက်ရာတွင် အထောက်အကူ ဖြစ်စေရန်။

(၂) ရင်းနှီးမြှုပ်နှံမှုဌာနခွဲမှ ကုမ္ပဏီမှတ်ပုံတင် ပြုလုပ်ပေးခြင်း၊ လုပ်ငန်းမှတ်ပုံတင်ပြုလုပ်ပေးခြင်းနှင့် လုပ်ငန်းသုံးယာဉ်မှတ်ပုံတင် ပြုလုပ်ပေးလျက်ရှိပြီး ရည်ရွယ်ချက်များမှာ-

  • • ကုမ္ပဏီထူထောင်ခြင်းလုပ်ငန်း မှတ်ပုံတင်ထားခြင်းအားဖြင့် မိမိ၏လုပ်ငန်းများအတွက် အစိုးရမှ တရားဝင် အကာကွယ်ရရှိနိုင်ရန်၊
  • • နိုင်ငံတကာနှင့် ချိတ်ဆက်၍ ပို့ကုန်/သွင်းကုန်လုပ်ငန်းများ တရားဝင်လုပ်ကိုင်နိုင်ရန်၊
  • • အစိုးရမှ မှတ်ပုံတင်ထားသော ကုမ္ပဏီများအား နိုင်ငံတကာနှင့်သော်လည်းကောင်း၊ ပြည်တွင်းအခြားကုမ္ပဏီများနှင့် သော်လည်းကောင်း လုပ်ငန်းချိတ်ဆက်ပေးနိုင်ရန်၊
  • • ကုမ္ပဏီထောင်ခြင်းအားဖြင့် အစိုးရမှလုပ်ငန်းများကို လုပ်ငန်းလိုင်စင်လျှောက်ထား ရယူနိုင်ရန်၊
  • • ဒေသခံပြည်သူလူထုများအနေဖြင့် လုပ်ငန်းများကို အလွယ်တကူ ထူထောင်လုပ်ကိုင် နိုင်ရန်၊

(၃) ပို့ဆောင်ဆက်သွယ်ရေးဌာနခွဲမှယာဉ်လိုင်စင်၊ ယာဉ်မောင်းလိုင်စင်ပြုလုပ်ပေးလျှက်ရှိပြီး ရည်ရွယ်ချက်များမှာ-

  • • မော်တော်ယာဉ်များကိုအများပြည်သူဆိုင်ရာနေရာတွင် အန္တရာယ်ကင်းရှင်းစွာ သွားလာနိုင်ရန် သတ်မှတ်ချက်များနှင့်အညီ စစ်ဆေးပြီး မှတ်ပုံတင်ပေးရန်၊
  • • မော်တော်ယာဉ် အမျိုးအစားအလိုက် မောင်းနှင်မည့်သူများအား သတ်မှတ် အရည်အချင်းများ ပြည့်မှီမှုရှိ/မရှိ စစ်ဆေးပြီး ယာဉ်မောင်းလိုင်စင် ထုတ်ပေးရန်၊
  • • လမ်းအသုံးပြုသူများ သွားလာမှု လွယ်ကူချောမွေ့စေရန်နှင့် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းစေရေး ကာကွယ်ဆောင်ရွက်ရန်၊
  • • ယာဉ်ကြောပိတ်ဆို့မှု မဖြစ်ပွားစေရန်နှင့် ယာဉ်အန္တရာယ်ကင်းရှင်းရေး ဆောင်ရွက်ရာတွင် အဆင့်မြင့်နည်းပညာသုံးပို့ဆောင်ရေးစနစ်ကို ထိရောက်စွာ အသုံးပြုရန်၊
  • • မော်တော်ယာဉ်ကြောင့်ဖြစ်ပေါ်လာသော သဘာဝပတ်ဝန်းကျင် ထိခိုက်မှုများ လျော့နည်းစေရေး ဆောင်ရွက်ရန်၊

ဖွဲ့စည်းပုံ

ဆက်သွယ်ရန်

Signal No: +66955751828

Mail: TITC_IEC@protonmail.com