စီမံကိန်း၊ ဘဏ္ဍာရေးနှင့် အခွန်ဌာန
ခူးမီရယ်
ဌာနမှူးကြီး
ခူးလေးရယ်
ဒု-ဌာနမှူး (၁)
နော်ပရိုတီးယား
ဒု-ဌာနမှူး (၃)
နောက်ခံအကြောင်း
ကြားကာလအတွင်း အရေးပေါ်ဖော်ဆောင်ရမည့် ကရင်နီပြည်၏ ဘဏ္ဍာငွေကြေး စီးဆင်းမှုကို စနစ်တကျစီမံခန့်ခွဲနိုင်ရန်၊ လိုအပ်လျက်ရှိသော စီမံကိန်းများကို အကောင်အထည်ဖော် ဆောင်ရွက် နိုင်ရန်နှင့် အခွန်ငွေများကို စနစ်တကျကောက်ခံစီမံနိုင်ရန်အတွက် စီမံကိန်း၊ ဘဏ္ဍာရေးနှင့် အခွန်ဌာနကို ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ (၇) ရက်တွင် ဖွဲ့စည်းခဲ့သည်။
ရည်ရွယ်ချက်များ
(က) ပြည်သူလူထု၏ အခြေခံလိုအပ်ချက်များ ဖြည့်ဆည်းပေးနိုင်ရေးအတွက် စီမံကိန်းများ၊ အစီအမံများ ရေးဆွဲချမှတ်ထားရန်။
(ခ) တော်လှန်ရေးအောင်မြင်စေရေး လုပ်ငန်းစဉ်များအတွက် လိုအပ်သည့် ဘဏ္ဍာငွေကြေးများကို ရှာဖွေဖြည့်ဆည်းပြီး ထိရောက်စွာ အသုံးပြုရန်။
(ဂ) ကြားကာလအတွင်း အကောင်အထည်ဖော်မည့် စီမံကိန်းများချမှတ်ခြင်း၊ ရသုံးမှန်းခြေငွေစာရင်း များ ညှိနှိုင်းရေးဆွဲခြင်းနှင့် မျှတသောဘဏ္ဍာငွေခွဲ၀ေမှုများ၊ ဦးစားပေးလုပ်ဆောင်မည့် လုပ်ငန်းစဥ် များ အကောင်အထည်ဖော်ဆောင်ရန် လိုအပ်မည့် အရင်းအမြစ်များရရှိစေရေးအတွက် စီမံ ဆောင်ရွက်ရန်။
ဌာနဖွဲ့စည်းပုံ
စီမံကိန်း၊ ဘဏ္ဍာရေးနှင့် အခွန်ဌာနကို ဌာနမှူးကြီးတစ်ဦးနှင့် ဒုတိယဌာနမှူးသုံးဦးတို့မှ ဦးဆောင်လျက်ရှိပြီး စီမံကိန်းဌာနခွဲ၊ ဘဏ္ဍာရေးဌာနခွဲ၊ အခွန်ဌာနခွဲ၊ စီမံရေးရာနှင့် ငွေစာရင်းဌာနခွဲတို့ဖြင့် ဖွဲ့စည်းသည်။
လုပ်ငန်းဆောင်ရွက်ချက်များ
ကြားကာလကရင်နီပြည်၏ ရေရှည်ဖွံ့ဖြိုးမှုစီမံကိန်း (KSDP) ကို ရေးဆွဲထားရှိပြီး စီမံကိန်းဌာနခွဲအနေဖြင့် ဖွဲ့စည်းပြီးသော မြို့နယ်များအတွက် ဒေသန္တရစီမံကိန်းနှင့် ရသုံးမှန်းခြေငွေစာရင်းရေးဆွဲခြင်းတို့အတွက် အကူအညီပေးလျက်ရှိသည်။
ဘဏ္ဍာရေးဌာနခွဲသည် ဘဏ္ဍာရေးမူဝါဒနှင့်အညီ ကရင်နီပြည်တစုံလုံးနှင့် ဖွဲ့စည်းပြီးသော မြို့နယ်များအတွက် ရသုံးမှန်းခြေငွေစာရင်းရေးဆွဲခြင်း၊ ဘဏ္ဍာငွေသုံးစွဲမှု စနစ်တကျ ရှိစေရေးတို့တွင် ဆောင်ရွက်လျက်ရှိသည်။
အခွန်ဌာနခွဲသည် ကရင်နီပြည်အခွန်မူဝါဒ ပေါ်ပေါက်လာရေးအတွက် ကရင်နီပြည်အတိုင်ပင်ခံကောင်စီ၊ တတ်သိနားလည်သူများနှင့်အတူ ဆောင်ရွက်လျက်ရှိပြီး ကုန်စည်ခွန်၊ အထူးကုန်စည်ခွန်နှင့် နယ်စပ်တွင် ပို့ကုန်/ သွင်းကုန်ခွန်များကို ကောက်ခံလျက် ရှိသည်။
ဖွဲ့စည်းပုံ

ဆက်သွယ်ရန်
Signal Number: +66 6129 83805
Email: IEC_dept.pft@protonmail.com