ပြည်ထဲရေးဌာန
စောလုသာသန်း
ဌာနမှူးကြီး
ခွန်းကရူဒူ
ဒု-ဌာနမှူး (၁)
ခွန်းအလင်း
ဒု-ဌာနမှူး (၂)
ခူးတော်ရယ်(သက်)
ဒု-ဌာနမှူး (၃)
မိုစန်းစန်းဝင်း
ဒု-ဌာနမှူး (၄)
နောက်ခံအကြောင်း
၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ (၇) ရက်တွင် ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီမှ ပြည်ထဲရေးဌာနကို စတင်ဖွဲ့စည်းခဲ့ပြီး CDM ဝန်ထမ်းများ၊ ပညာရှင်များ၊ တတ်သိနားလည်သူများနှင့်အတူ ပူးပေါင်းကာ ဌာန၏ လုပ်ငန်းများကို လည်ပတ်လျက်ရှိသည်။
ဌာနဖွဲ့စည်းပုံ
ပြည်ထဲရေးဌာနကို ဌာနမှူးကြီးတစ်ဦး၊ ဒုတိယဌာနမှူး (၄) ဦးတို့မှ ဦးဆောင်လျက်ရှိပြီး ပြည်သူ့အုပ်ချုပ်ရေးဌာနခွဲ၊ တရားဥပဒေစိုးမိုးရေးနှင့် လုံခြုံရေးဌာနခွဲ (ရဲဌာနခွဲ)၊ လူဝင်မှုကြီးကြပ်ရေးဌာနခွဲ၊ အရေးပေါ်ကယ်ဆယ်ရေးဌာနခွဲတို့ဖြင့် ဖွဲ့စည်းထားပြီး စည်ပင် သာယာရေးလုပ်ငန်းများကိုလည်း ဆောင်ရွက်နိုင်ရန် ကြိုးစားလျက်ရှိသည်။

လုပ်ငန်းဆောင်ရွက်ချက်များ
ပြည်သူ့အုပ်ချုပ်ရေးဌာနခွဲအနေဖြင့် မြို့နယ် (၁၇) မြို့နယ်ဖွဲ့စည်းကာ မြို့နယ်၊ ကျေးရွာအုပ်စု၊ ကျေးရွာအဆင့်ဆင့်ကို အုပ်ချုပ်ရေးမှူးများ ခန့်အပ်ကာ အုပ်ချုပ်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိ သည်။ ရဲဌာနခွဲအနေဖြင့် CDM ရဲဝန်ထမ်း (၁၀၆) ဦးအပါအဝင် စုစုပေါင်း ရဲအင်အား (၆၂၉) ဦးတို့ဖြင့် မြို့နယ်ရဲဌာနရုံး (၆) ခု၊ ရဲစခန်း (၁၆) ခု၊ ရဲကင်း (၉) ခု၊ ရဲဂိတ် (၅) ခုတို့ကို ဖွင့်လှစ်ကာ တရားဥပဒေစိုးမိုးရေးနှင့် လုံခြုံရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိသည်။ စတင်ဖွဲ့စည်းသည့် ၂၀၂၁ ခုနှစ် စက်တင်ဘာလမှ ၂၀၂၅ ခုနှစ် မတ်လအထိ အမှုစုစုပေါင်း (၅၆၇) မှုတို့ကို လိုက်ပါဆောင်ရွက်ပေး နိုင်ခဲ့သည်။
လူဝင်မှုကြီးကြပ်ရေးဌာနခွဲအနေဖြင့် ဝန်ထမ်း (၉၂) ဦးဖြင့် နယ်ခြားလူဝင်လူထွက်များ၊ ပြည်နယ်ပြင်ပ လူဝင်လူထွက်များအား စစ်ဆေးခြင်းအပြင် မြို့နယ် (၁၇) လူဝင်မှုကြီးကြပ်ရေးဌာနခွဲအနေဖြင့် ဝန်ထမ်း (၉၂) ဦးဖြင့် နယ်ခြားလူဝင်လူထွက်များ၊ ပြည်နယ်ပြင်ပ လူဝင်လူထွက်များအား စစ်ဆေးခြင်းအပြင် မြို့နယ် (၁၇) မြို့နယ်တွင် နေထိုင်လျက်ရှိ ကြသူများ၏ အိမ်ခြေ၊ အိမ်ထောင်စုစာရင်းများကို ကောက်ခံလျက်ရှိသည်။ အရေးပေါ်ကယ်ဆယ်ရေး ဌာနခွဲအနေဖြင့် အရေးပေါ်ကယ်ဆယ်ရေးလုပ်ငန်းများ၊ မီးငြှိမ်းသတ်ရေးလုပ်ငန်းများ၊ ရေရှားပါးဒေသ များသို့ ရေဖြန့်ဝေခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိသည်။