An Official Website of Karenni State Interim Executive Council Here’s how you know
IEC official website links

Usually end with .ieckarenni.org

Our Trusted websites external link

Secure websites use HTTPS

Look for a lock icon (🔒) or a URL starting with https://.

Only share sensitive info on official, secure websites.

ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ
ကာကွယ်ရေးဌာန
ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ
ကာကွယ်ရေးဌာန
ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ

ကာကွယ်ရေးဌာန

စောဘီထူး

ဌာနမှူးကြီး

စောထိုကာရီ

ဒု-ဌာနမှူး (၁)

စစ်မုန်း(ခ)အေးဆေး

ဒု-ဌာနမှူး (၂)

စောတူးတူး

ဒု-ဌာနမှူး (၃)

ကာကွယ်ရေးဌာန၏ နောက်ခံသမိုင်း

    ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ၏ ဌာန(၁၁)ခုအနက် ကာကွယ်ရေးဌာနသည် ၂၀၂၅ ခုနှစ် ၊ ဇူလိုင်လ (၂၉)ရက်နေ့တွင် နောက်ဆုံးဖွဲ့စည်းထားသော ဌာနဖြစ်ပါသည်။ ကာကွယ်ရေးဌာန (DOD) ၏ အဓိကရည်မှန်းချက်မှာ ကရင်နီပြည်အတွင်း အရပ်သားပြည်သူများ၏ အသက်အိုးအိမ်ကို ကာကွယ် စောင့်ရှောက် ရန်ဖြစ်ပြီး ၊ စစ်ပဋိပက္ခကြောင့် ဖြစ်ပေါ်လာသော ထိခိုက်မှုများကို လျှော့ချခြင်း ၊ တိုက်ခိုက်ချေမှုန်းခြင်း နှင့် အန္တရာယ်များကို အချိန်မီကာကွယ်နိုင်ရန် ဖြစ်ပါသည်။

    ၂၀၂၅ ခုနှစ် ၊ ဇူလိုင်လ (၂၉) ရက်နေ့တွင် IEC ၏ စာအမှတ် ၁၉/၂၀၂၅ ဖြင့် ဌာနမှူးကြီး (၁) ဦးနှင့် ဒုတိယဌာနမှူး (၃) ဦး တို့ကို ခန့်အပ်ခဲ့သည်။ ဌာနအား ဌာနခွဲ (၅) ခု ဖြင့်ဖွဲ့စည်းကာ လုပ်ငန်းများ အကောင်အထည်ဖော်နိုင်ရန် တစ်ပါတည်း ပြင်ဆင်လုပ်ဆောင်ခဲ့ပါသည်။ ဌာနခွဲ (၅)ခုမှာ အောက်ပါအတိုင်းဖြစ်သည်။

  • ရုံးစီမံခန့်ခွဲရေးနှင့် ဘဏ္ဍာရေးဌာနခွဲ
  • စစ်လက်နက် ထိန်းသိမ်းကြပ်မတ်ရေး ဌာနခွဲ
  • စစ်ဘက်ရေးရာပြန်ကြားရေးဌာနခွဲ
  • ထောက်လှမ်းရေးဌာနခွဲ
  • စစ်ကျင့်ဝတ်လေ့လာစောင့်ကြည့်ရေး ဌာနခွဲ တို့ဖြစ်သည်။

    ကာကွယ်ရေးဌာနသည် ကရင်နီပြည်နယ်တွင်းနှင့် ပြည်နယ်၏ဆက်စပ်လျှက်ရှိသော နယ်စပ်ဒေသများရှိ စစ်ကောင်စီနှင့် ထိတွေ့တိုက်ခိုက်နေရသော စစ်ဆင်ရေးများကို ကရင်နီတပ်ပေါင်းစုံစစ်ဦးစီးအဖွဲ့ (JCS) နှင့်အတူ စစ်အသုံးစရိတ်များ ၊ စစ်ဆင်ရေးကိစ္စရပ်များ ၊ ကာကွယ်ရေးဆိုင်ရာ တပ်နေရာချထားရေး ကိစ္စရပ်များ၊ အရပ်သားများအပေါ် စစ်ဆင်ရေးများ နှင့် အန္တရာယ်များ ပေါ်ပေါက်လာသည့်အခါ အရေးပေါ်ကယ်ဆယ်ရေးနှင့် ကာကွယ်မှုဆိုင်ရာ တုံ့ပြန်မှုများ ၊ စစ်ပွဲကြောင့်ဖြစ်ပေါ်လာနိုင်သော လူထုထိခိုက်မှုများကို အချိန်မီ ကြိုတင်ကာကွယ်နိုင်ရန် သတင်းအချက်အလက်များ စုဆောင်းမျှဝေခြင်း စသည့် လုပ်ငန်းများကို လုပ်ဆောင် လျှက်ရှိပါသည်။

    ကာကွယ်ရေးဌာန (DOD)၏ ရည်မှန်းချက်မှာ “ကရင်နီပြည်၊ ပြည်သူပြည်သားများ၏ အသက်အိုးအိမ်ကို ကာကွယ်စောင့်‌ရှောက်၍ ငြိမ်းချမ်းသာယာသော ဖက်ဒရယ်နိုင်ငံတော်ဆီသို့ ” ဖြစ်သည်။

ကာကွယ်ရေးဌာန၏ ရည်ရွယ်ချက်များ

  1. (၁) ပြည်သူများအတွက် တိုက်ပွဲဝင်ရန်
  2. (၂) ပြည်သူများ၏ အသက် အိုးအိမ်များကို ကာကွယ်စောင့်ရှောက်ရန်
  3. (၃) ပြည်သူနှင့် တပ်ဖွဲ့ဝင်များအပေါ် တရားမျှတစွာ ဂရုစိုက်၍ ကြည့်ရှု့စောင့်ရှောက်ရန်
  4. (၄) သတင်းအချက်အလက်များကို စုဆောင်း၊ အစီရင်ခံ၊ မျှဝေခြင်းဖြင့် အန္တရာယ်များကို ကြိုတင်သတိပေးနိုင်ရန် အခြေခံထားပါသည်။

    ကာကွယ်ရေးဌာနသည် တရားမျှတမှုနှင့် လူထုအခွင့်အရေးကာကွယ်မှုအတွက် အရပ်သားများနှင့် တပ်ဖွဲ့ဝင်များအပေါ် တရားမျှတစွာ ဆောင်ရွက်ခြင်းကို အ‌ခြေခံကာ လူထုအခွင့်အရေးများလေးစားခြင်းနှင့် ကာကွယ်ခြင်းတို့ကို ဂရုတစိုက် ထိန်းသိမ်းဆောင်ရွက်နိုင်ရေး လုပ်ဆောင်နေပါသည်။

    ထို့အတူ လူထုနှင့် ပူးပေါင်းဆောင်ရွက်နိုင်စွမ်းအား မြင့်တင်လုပ်ဆောင်ရေးအတွက် လူထုအခြေပြု အဖွဲ့အစည်းများ၊ သက်ဆိုင်ရာ ဌာနများနှင့် ပူးပေါင်းကာ လုံခြုံရေးနှင့် လူမူရေး သက်ရောက်မှုများကို ထိရောက်စွာ စီမံလုပ်ဆောင်နိုင်ရေးအတွက် ကြိုးစား လုပ်ဆောင်နေပါသည်။

ဖွဲ့စည်းပုံ