ဆောက်လုပ်ရေးဌာန
ဦးဂျိုးဇက်ရေမွန်
ဌာနမှူးကြီး
ဦးစောချမ်းအေး
ဒု-ဌာနမှူး (၁)
နောက်ခံအကြောင်း
၂၀၂၁ ခုနှစ်၊ စစ်အာဏာသိမ်းပြီးနောက်ပိုင်းတွင် ကရင်နီပြည်နယ်အနှံ့ဖြစ်ပွားခဲ့သော စစ်ရေးအခြေအနေများနှင့် စစ်ကောင်စီ၏ အရပ်သားပြည်သူများအပေါ် ပစ်မှတ်ထားတိုက်ခိုက်မှုများကြောင့် (၅၀) ရာခိုင်နှုန်းသော ကရင်နီပြည်သူများသည် အိုးအိမ်ပျက်စီးမှုများကို ကြုံတွေ့ခဲ့ကြရသည့်အပြင် လမ်းပန်းဆက်သွယ်ရေးအခက်အခဲများကြောင့် ယနေ့ထိတိုင်အောင် ကုန်စည်စီးဆင်းမှု ပြတ်တောက်ခြင်းပြဿနာကို ရင်ဆိုင်နေကြရဆဲဖြစ်သည်။ အဆိုပါအခက်အခဲများကို တဖက်တလမ်းမှ ဖြေရှင်းနိုင်ရန်အတွက် ၂၀၂၄ ခုနှစ်၊ မေလ ပထမပတ်အတွင်းတွင် တည်ဆောက်ရေးနည်းပညာအဖွဲ့ကို ဖွဲ့စည်းကာ ဒေသတွင်းဖွံ့ဖြိုးရေးလုပ်ငန်းများကို IEC နှင့် လက်တွဲဆောင်ရွက်ခဲ့ပြီး ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ (၂၈) ရက်တွင် ကြားကာလအစီအမံနှင့်အညီ IEC မှ ဆောက်လုပ်ရေးဌာနကို ဖွဲ့စည်းခဲ့သည်။
ဌာနဖွဲ့စည်းပုံ
ဆောက်လုပ်ရေးဌာနကို ဌာနမှူးကြီးတစ်ဦး၊ ဒုတိယဌာနမှူးနှစ်ဦးတို့မှ ဦးဆောင်လျက်ရှိပြီး စီမံကိန်းနှင့် ဘဏ္ဍာရေးဌာနခွဲ၊ အင်ဂျင်နီယာဌာနခွဲတို့ဖြင့် ဖွဲ့စည်းသည်။ စီမံကိန်းနှင့် ဘဏ္ဍာရေးဌာနခွဲ၏ လက်အောက်တွင် စီမံခန့်ခွဲရေးဌာနစိပ်နှင့် ဘဏ္ဍာရေးဌာနစိပ်တို့ရှိပြီး အင်ဂျင်နီယာဌာနခွဲ၏ လက်အောက်တွင် အဆောက်အဦးဌာနစိပ်၊ လမ်း/တံတားဦးစီးဌာနစိပ်၊ ပြင်/ထိန်းဌာနစိပ်၊ မြို့ပြနှင့် အိမ်ယာဖွံ့ဖြိုးရေးဌာနစိပ်တို့ဖြင့် စုစည်းဖွဲ့စည်းထားသည်။
လုပ်ငန်းဆောင်ရွက်ချက်များ
ဆောက်လုပ်ရေးဌာနအနေဖြင့် အခြားဌာနများမှ တင်ပြလာသည့် ပြုပြင်မွမ်းမံ၊ ပြန်လည် တည်ဆောက်ရန် လိုအပ်နေသော လမ်းတံတား၊ ရေပေးဝေရေမြောင်းများ၊ မြေထိန်းနံရံများကို ကွင်းဆင်း လေ့လာကြည့်ရှုခြင်းနှင့် ပြန်လည်မွမ်းမံတည်ဆောက်ပေးခြင်းတို့အား ပြုလုပ်လျက်ရှိသည်။
ဌာနဖွဲ့စည်းပုံ

ဆက်သွယ်ရန်
Email – headofdepartment@doc-iec.karennistategovernment.org