An Official Website of Karenni State Interim Executive Council Here’s how you know
IEC official website links

Usually end with .ieckarenni.org

Our Trusted websites external link

Secure websites use HTTPS

Look for a lock icon (🔒) or a URL starting with https://.

Only share sensitive info on official, secure websites.

ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဌာန
ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဌာန
ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဌာန
ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဌာန
ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဌာန
ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဌာန
ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဌာန
ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဌာန

ခူးတူရယ်

ဌာနမှူးကြီး

ဦးတင့်ဆွေ

ဒု-ဌာနမှူး (၁)

ဒေါ်မြတ်ဆုမွန်

ဒု-ဌာနမှူး (၂)

ခွန်းစိန်ဝင်း

ဒု-ဌာနမှူး (၃)

နောက်ခံအကြောင်း

    ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၀) ရက်တွင် ကရင်နီပြည်အတွင်းရှိ စိုက်ပျိုးရေး CDM များ ပြန်လည်စုစည်းကာ တောင်သူများ၏ စိုက်ပျိုးရေးဆိုင်ရာအခက်အခဲများ၊ နည်းပညာများကို ကိုယ်ထူကိုယ်ထစနစ်ဖြင့် စိုက်ပျိုးရေးဝန်ဆောင်မှုများရရှိရန် ကနဦးဝိုင်းဝန်းဆောင်ရွက်ခဲ့ကြပြီး ၂၀၂၄ ခုနှစ်၊ သြဂုတ်လ (၁၄) ရက်တွင် ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီမှ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဌာနကို ပြန်လည်ဖွဲ့စည်းခဲ့သည်။

ရည်ရွယ်ချက်များ

  1. (၁)
    ကရင်နီပြည်အတွင်း စားနပ်ရိက္ခာဖူလုံရေးအတွက် ဈေးကွက်ဝယ်လိုအားနှင့်အညီ ဘေးထွက်ဆိုးကျိုးကင်းကာ အာဟာရပြည့်ဝစေသည့် စိုက်ပျိုးမွေးမြူရေး ထုတ်ကုန်ပစ္စည်းများ တိုးတက်ထုတ်လုပ်ရာတွင် မူဝါဒများ၊ ယန္တရားများ ချမှတ်ရေးဆွဲ အကောင်အထည်ဖော်ရန်။
  2. (၂)
    တောင်သူလယ်သမားများ အကျိုးအမြတ်ရရှိစေရန်အတွက် မျိုး၊ စိုက်စနစ်၊ သီးနှံပုံစံများ ချမှတ်ပေးခြင်းနှင့် သီးနှံစံပြကွက်များကို တောင်သူများကိုယ်တိုင် ပူးပေါင်းပါဝင်လာနိုင်ကာ နည်းပညာ ပြန့်ပွားရေးဆောင်ရွက်ရန်။
  3. (၃)
    ကရင်နီပြည်၏ စိုက်ပျိုးရေးကဏ္ဍတွင် သဘာဝကိုအခြေခံသော စိုက်ပျိုးရေးသုံး သွင်းအားစုများကို ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုလာနိုင်စေရန် နည်းပညာပေးဆောင်ရွက်ခြင်းနှင့် ဆည်၊ ရေမြောင်း၊ ချောင်းကန်နှင့် ရေထိမ်းတမံများကို လိုအပ်သည့်အားလျော်စွာ ပြုပြင်ခြင်း၊ ထိန်းသိမ်းခြင်းများဆောင်ရွက်ရန်။

ဌာနဖွဲ့စည်းပုံ

    စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဌာနကို ဌာနမှူးကြီးတစ်ဦးနှင့် ဒုတိယဌာနမှူး (၃) ဦးတို့မှ ဦးဆောင်ပြီး စီမံ၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဌာနခွဲ၊ စိုက်ပျိုးရေးနည်းပညာဌာနခွဲ၊ မွေးမြူရေးနှင့် ကုသရေးဌာနခွဲ၊ ဆည်မြောင်းဌာနခွဲတို့ဖြင့် ဖွဲ့စည်းသည်။

လုပ်ငန်းဆောင်ရွက်ချက်များ

    စီမံ၊ စီမံကိန်းနှင့် ငွေစာရင်းဌာနခွဲသည် မြို့နယ်များတွင် စိုက်ဧကများ၊ ပျက်စီးဧကများ တွက်ချက်ကာ စီမံကိန်းများရေးဆွဲဆောင်ရွက်သည်။ စိုက်ပျိုးရေးနည်းပညာဌာနခွဲသည် စံပြစိုက်ဧကများသတ်မှတ်စိုက်ပျိုးခြင်း၊ နည်းပညာသင်တန်းပေးခြင်း၊ သဘာဝမြေသြဇာနှင့် အားဆေးထုတ်လုပ်ခြင်း၊ ပျိုးပင်ထုတ်လုပ်ရောင်းချခြင်းတို့ကို ပြုလုပ်ဆောင်ရွက်သည်။

    မွေးမြူရေးနှင့် ကုသရေးဌာနခွဲသည် ဝက်ဝမ်းကျကာကွယ်ဆေး၊ ကျွဲ၊ နွားကာကွယ်ဆေး၊ ခွေးရူးကာကွယ်ဆေး၊ ကြက်လည်လိမ်ကာကွယ်ဆေးများ ထိုးခြင်းကို ဆောင်ရွက်လျက်ရှိသည်။

    ဆည်မြောင်းဌာနခွဲအနေဖြင့် ကုန်ထုတ်လမ်းတံတားပြုပြင်ခြင်း၊ ရေထိန်းတံခါးပြုပြင်ခြင်း၊ ဆည်ဘောင်တံတားပြုပြင်ခြင်း၊ ချောင်း၊ မြောင်းဘောင်ပြုပြင်ခြင်းတို့ကို ဆောင်ရွက်လျက်ရှိသည်။

ဌာနဖွဲ့စည်းပုံ

ဆက်သွယ်ရန်

Email – IEC_dept.ali@protonmail.com

Signal Number – +959428007376