An Official Website of Karenni State Interim Executive Council Here’s how you know
IEC official website links

Usually end with .ieckarenni.org

Our Trusted websites external link

Secure websites use HTTPS

Look for a lock icon (🔒) or a URL starting with https://.

Only share sensitive info on official, secure websites.

ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ

ဇူးပဒုမ္မာ​

အတွင်းရေးမှူး - ၁

    ဇူးပဒုမ္မာသည် IEC တွင် အတွင်းရေးမှူး-၁ အဖြစ် နှစ်နှစ်ကျော်ကြာ တာဝန်ထမ်းဆောင်နေဆဲ သူတစ်ဦးဖြစ်သည်။ သူ(မ)သည် ဖမ်းမနစ်တက်ကြွလှုပ်ရှားသူတစ်ဦးအဖြစ် မြန်မာ့အမျိုးသမီးသမဂ္ဂ (BWU) တွင် တစ်ဆယ့်သုံးနှစ်ကျော်ကြာ ရာထူးတာဝန်အမျိုးမျိုးဖြင့် တာဝန်ထမ်းဆောင်ခဲ့သည်။ အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ) (WLB) တွင်လည်း မူဝါဒရေးရာဘုတ်အဖွဲ့ဝင်တစ်ဦးအဖြစ် ပါဝင်ခဲ့ဖူးသည်။ နွေဦးတော်လှန်ရေးအစကနဦးမှ စတင်၍ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုပေါ်ပေါက်လာရေးအတွက် တက်ကြွစွာ ပါဝင်ခဲ့သူတစ်ဦးလည်း ဖြစ်သည်။ ကရင်နီသပိတ်ကော်မတီတွင် အဖွဲ့ဝင်တစ်ဦးအနေဖြင့် ပါဝင်ခဲ့ပြီးနောက်တွင် နိုင်ငံရေးသမားတစ်ဦးအဖြစ် ခြေလှမ်းစတင်ရန် ဖြစ်လာခဲ့ပြီး ၂၀၂၁ ခုနှစ်မှစတင်ကာ ၂၀၂၃ ခုနှစ် IEC တွင် တာဝန်မထမ်းဆောင်မီအထိ ကရင်နီပြည်အတိုင်ပင်ခံကောင်စီတွင် စတင်စုဖွဲ့စဉ်တည်းက ပါဝင်ခဲ့သည်။ IEC ကို ဖွဲ့စည်းသောအခါ တော်လှန်ရေးအပေါ်တွင် ထားရှိသည့် ခိုင်မာသော ခံယူချက်များကြောင့် အတွင်းရေးမှူးတစ်ဦးအနေဖြင့် တာဝန်ပေးအပ်ခြင်းခံခဲ့ရသည်။