An Official Website of Karenni State Interim Executive Council Here’s how you know
IEC official website links

Usually end with .ieckarenni.org

Our Trusted websites external link

Secure websites use HTTPS

Look for a lock icon (🔒) or a URL starting with https://.

Only share sensitive info on official, secure websites.

ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ

ပြည်နယ်စာရင်းစစ်ချုပ်ရုံး

    ကရင်နီပြည်ကြားကာလ အုပ်ချုပ်ရေးကောင်စီမှ ဖွဲ့စည်းထားသည့်ဌာနများ၏ အရ/ အသုံးစာရင်း များစစ်ဆေးနိုင်ရန် ပြည်နယ်စာရင်းစစ်ချုပ်ရုံးကို ဖွင့်လှစ်နိုင်ခဲ့ပြီး ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလ ၁၇ ရက်နေ့တွင် ပြည်နယ်စာရင်းစစ်ချုပ်နှင့် ဒုတိယစာရင်းစစ်ချုပ်(၁) တို့အား လွှတ်တော်က အတည်ပြုခန့်အပ် နိုင်ခဲ့ပါ သည်။

    ဌာနဆောင်ပုဒ်ဖြစ်သော “ စစ်ဆေးခြင်းဖြင့် ကရင်နီပြည် ကောင်းကျိုး ဆောင်ရွက်စို့ ” နှင့် အညီ ကရင်နီပြည်အတွင်းရှိ ဌာနများကိုစစ်ဆေးခြင်းဖြင့် စနစ်ကျသော/ မှန်ကန်သော/ ကောင်းမွန်သော/ သန့်ရှင်းသော/ တိုးတက်သော စာရင်းများ ဖြစ်ပေါ်လာအောင် ဌာနများနှင့်အတူလက်တွဲ၍ ပြည်နယ်ကောင်း ကျိုးကို တဖက်တလမ်းက ပါဝင်ဆောင်ရွက်ရန် ရည်ရွယ်ထားပါသည်။

    လက်ရှိတွင် ဝန်ထမ်းအင်အား ၃ ဦး ဖြင့် လုပ်ငန်းများ စတင်ဆောင်ရွက်လျက် ရှိပါသည်။ ကရင်နီ ပြည်ကြားကာလ အုပ်ချုပ်ရေးကောင်စီ၏၂၀၂၄ ခုနှစ် အတွက် လုပ်ငန်းနှင့်စာရင်းများစစ်ဆေးခြင်းကို ၁၅. ၆. ၂၀၂၅ နေ့တွင် စတင်ဆောင်ရွက် နိုင်ခဲ့ပြီး ယနေ့ ၂၆. ၈. ၂၀၂၅ နေ့ထိ ဆောင်ရွက်ပြီးမှု အနေဖြင့် ဌာန ၂ ခု အားစစ်ဆေးပြီး စစ်ဆေးတွေ့ရှိချက် အစီရင်ခံစာ ထုတ်ပြန်နိုင်ခဲ့ပါသည်။ ဆောင်ရွက်ဆဲ အနေဖြင့် ဌာန ၁ ခု အားဆက်လက်စစ်ဆေး ဆောင်ရွက်နေဆဲ ဖြစ်ပါ သည်။

ရည်မှန်းချက်

    ပြည်သူ့အကျိုးစီးပွားကို ကာကွယ်စောက်ရှောက်ပေးရန်၊ ပြည်သူ့ဘဏ္ဍာစနစ် စီမံခန့်ခွဲ/ တိကျ/ မှန်ကန်/ ကောင်းမွန်စေရန် ရည်ရွယ်ပြီး စစ်ဆေးချက်အစီရင်ခံစာကို ပြည်သူသို့ အစီရင်ခံခြင်းဖြင့် ရှင်းလင်းတင်ပြရန် ဖြစ်ပါသည်။

မူဝါဒ

ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ၏ အုပ်ချုပ်မှု့ကာလအတွင်း စာရင်းစစ်ရုံး၏ အောက်ဖေါ်ပြပါ မူဝါဒများကို ဖေါ်ပြပါသည်။

  1. (၁) ဘဏ္ဍာငွေအရ/အသုံး ဆိုင်ရာစာရင်းနှင့် လုပ်ငန်းများအားစစ်ဆေးဆောင်ရွက်ရန် ၊ တာဝန်ပေး ချက်အရ အလှူရှင်များ၏ အရ/အသုံးဆိုင်ရာ စာရင်းနှင့် လုပ်ငန်းများအား စစ်ဆေးဆောင်ရွက်ရန်။
  2. (၂) ပကတိအခြေအနေများအား မှန်ကန်စွာ ဆန်းစစ်သုံးသပ်ပြီး ထိရောက်သည့် ပြုပြင်ပြောင်းလဲမှု့များ ပြုလုပ်စေရန်။
  3. (၃) ဆန်းသစ်တီထွင်မှု့များကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်။
  4. (၄) ကောင်းမွန်၊ သန့်ရှင်း၊ ထိရောက်၊ မှန်ကန်သော ဘဏ္ဍာရေးစနစ် ဖြစ်ပေါ်လာစေရန်။
  5. (၅) ပြည်သူကိုဗဟိုပြု၍ ကရင်နီပြည်ကို တည်ဆောက်ရာတွင် ထိရောက်စွာ အထောက်အကူပြုနိုင်ရန်။
  6. (၆) ဘဏ္ဍာငွေ လေလွင့်ဆုံးရှုံးမှု့မရှိစေရန် ၊ ပွင့်လင်းမြင်သာမှု့ရှိစေရန်၊ တာဝန်ယူ တာဝန်ခံမူများကို ထိ ရောက်စွာ ဆောင်ရွက်နိုင်ရန်။

လုပ်ငန်းစဉ်

ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ၏ အုပ်ချုပ်မူကာလအတွင်း စာရင်းစစ်ရုံး၏ အောက် ဖော်ပြပါ လုပ်ငန်းစဉ်များကို ဖေါ်ပြပါသည်။

  1. (၁) ကရင်နီပြည်ကြားကာလ အုပ်ချုပ်ရေးကောင်စီ၏ အရ၊ အသုံးစာရင်းများကို ချမှတ်ပြဌာန်း ထားသည့် ဥပဒေ ၊ စည်းမျဉ်း၊ လုပ်ထုံးလုပ်နည်းများ နှင့်အညီ ဘဏ္ဍာရေးနှစ် တစ်နှစ်လျှင် တစ်ကြိမ် ပုံမှန်စစ်ဆေးဆောင်ရွက်မည်။
  2. (၂) ကရင်နီပြည်ကြားကာလအုပ်ချုပ်မူကောင်စီ၏ အလှူရှင် (Grant) အရ/ အသုံးစာရင်းများကို စစ်ဆေးရန် တာဝန်ပေးအပ်ခြင်းခံရပါက ချမှန်ပြဌာန်းထားသည့် လုပ်ထုံးလုပ်နည်းများ အတိုင်း စစ်ဆေး ဆောင်ရွက်မည်။
  3. (၃) ကောင်းမွန်သောအုပ်ချုပ်မှုစနစ် (Good Governance) များကို အရည်အသွေး ပြည့်မှီစွာနှင့် ထိရောက် အကျိုးရှိစွာ ထမ်းဆောင်သွားနိုင်ရန် ဆောင်ရွက်မည်။
  4. (၄) ကရင်နီပြည်၏ အုပ်ချုပ်ရေး၊ တရားစီရင်ရေးနှင့်ဥပဒေပြုရေးလုပ်ငန်းများ ၊ ဘဏ္ဍာငွေ အင်အားရှာဖွေ စုဆောင်းမှုများ၊ ငွေကြေးသုံးစွဲမှု အခြေအနေ၊ တာဝန်ယူမှုတာဝန်ခံမှု ရှိမှုတို့အား ချမှတ်ထားသည့် ဘဏ္ဍာရေးဆိုင်ရာမူဝါဒ နှင့် လုပ်ထုံးလုပ်နည်းများအတိုင်း ဘဏ္ဍာရေးစစ်ဆေးခြင်း (Financial Audit) ၊ လိုက်နာဆောင်ရွက်မှုစစ်ဆေးခြင်း( Compliance Audit ) ၊ လုပ်ငန်း ဆောင်ရွက်မှုစစ်ဆေးခြင်း (Performance Audit ) တို့ကို ဆောင်ရွက်မည်။
  5. (၅) ကရင်နီပြည်ကြားကာလ အရအသုံးစစ်ဆေးခြင်း နှင့်စပ်လျှင်း၍ တွေ့ရှိချက် အစီရင်ခံစာများကို ကရင်နီပြည် အတိုင်ပင်ခံကောင်စီသို့လည်းကောင်း၊ ကရင်နီပြည် ကြားကာလလွတ်တော်သို့လည်း ကောင်း၊ ကရင်နီပြည် ကြားကာလအုပ်ချုုပ်ရေးကောင်စီသို့လည်းကောင်း အစီရင်ခံစာများကို တင်ပြ ဆောင်ရွက်မည်။

စာရင်းစစ်ရုံးဌာနဖွဲ့စည်းပုံ

စာရင်းစစ်ရုံး၏ ဖွဲ့စည်းပုံကို အောက်တွင်ဇယားဖြင့်ဖေါ်ပြပါသည်။

 

    အထက်ပါဖေါ်ပြပါ ဇယားအရ ကြားကာလအတွင်းအရေးပေါ် ဖော်ဆောင်မည့် ကရင်နီ၏ ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေးများကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် စာရင်းစစ်ရုံးကို ကနေဦး ဖွဲ့စည်းပြီး စစ်ဆေးရေးလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်သွားမည် ဖြစ်ပါသည်။