Skip to content
နိုင်ငံရေးလမ်းပြမြေပုံ
-
(၁)
ကရင်နီပြည်ရှိ ပါဝင်ဆက်နွယ်သူများ(stakeholders) ၏ ညီညွတ်ရေးနှင့် ပူးပေါင်းပါဝင်ရေးကို
ပိုမိုအားကောင်းစေရန် ဆောင်ရွက်ခြင်း၊
-
(၂)
အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ(NUCC)၊အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊
အခြားတိုင်းရင်းသား တော်လှန်ရေးအဖွဲ့အစည်းများ၊ အခြားအင်အားစုများနှင့် ချိတ်ဆက်
ဆောင်ရွက်ခြင်း၊
-
(၃)
ကရင်နီပြည်အတိုင်ပင်ခံကောင်စီ၏ အဖွဲ့ဝင်၊ အဖွဲ့အစည်းများအကြား ပြည်နယ်၏ ကြားကာလ
အစီအမံ မူကြမ်းရေးဆွဲခြင်းနှင့် ကနဦးအတည်ပြုခြင်း၊
-
(၄)
ကရင်နီပြည်အတိုင်ပင်ခံကောင်စီအတွင်းရှိ တော်လှန်ရေးအင်အားစုများအားလုံး ပါဝင်သည့်
ညီလာခံတွင် ကြားကာလအစီအမံကို ထပ်လောင်းအတည်ပြုခြင်း၊
-
(၅)
ကရင်နီပြည်အတိုင်ပင်ခံကောင်စီအား ပြန်လည်ရွေးချယ်ဖွဲ့စည်းခြင်း၊
-
(၆)
ကရင်နီပြည် ကြားကာလ ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေး ယန္တရားများကို
စနစ်တကျ ဖွဲ့စည်းတည်ထောင်ခြင်း၊
-
(၇)
ကရင်နီပြည် အသွင်ကူးပြောင်းရေးကာလ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ခြင်း လုပ်ငန်းစဉ်
များအား ရေးဆွဲချမှတ်ခြင်း၊
-
(၈)
ကရင်နီပြည်အတွင်းရှိ ပြည်သူလူထုကို ကရင်နီပြည် ကြားကာလအစီအမံများနှင့် လုပ်ငန်းစဉ်
များအား ရှင်းလင်းချပြခြင်း၊
-
(၉)
ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရေးအတွက် နိုင်ငံရေးလုပ်ငန်းစဉ်များ ချမှတ်
အကောင်အထည်ဖော်ဆောင်ရွက်ခြင်း၊
-
(၁၀)
ကရင်နီပြည်၏ ဖွဲ့စည်းပုံအခြေခံဥပဒေအား ပြင်ဆင်ခြင်းလုပ်ငန်းစဉ် ရေးဆွဲချမှတ်ခြင်း။