အခြေခံစံတန်ဖိုးများ
ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ၏ အခြေခံစံတန်ဖိုးများ မှာ အောက်ပါအတိုင်းဖြစ်သည်။
- (၁) ပြည်နယ်အုပ်ချုပ်ရေးဖော်ဆောင်ရာတွင် ညီညွတ်ရေးနှင့် အားလုံးပါဝင်နိုင်ရေးကို စံထားပြီး ဆောင်ရွက်သည်။
- (၂) အုပ်ချုပ်ရေးကောင်စီဝင်များသည် စုပေါင်းခေါင်းဆောင်မှုစနစ်ဖြင့် တိုင်ပင်ညှိနှိုင်းခြင်း၊ ဆုံးဖြတ်ခြင်းနှင့် တိကျစွာ အကောင်အထည်ဖော်ခြင်းတို့ကို လုပ်ဆောင်သည်။
- (၃) အုပ်ချုပ်ရေးကောင်စီဝင်များသည်လူထုတော်လှန်ရေးအတွက် ပွင့်လင်းမြင်သာမှုရှိခြင်း၊ တာဝန်ခံမှုနှင့် တာဝန်ယူမှုရှိခြင်း၊ လူနည်းစုနှင့် မတူကွဲပြားမှုများကို လက်သင့်ခံပြီး ၎င်းတို့ အခွင့်အရေးများကို လေးစားအသိအမှတ်ပြုသည်။
- (၄) ကရင်နီပြည်အတိုင်ပင်ခံကောင်စီမှ ချမှတ်သည့် နိုင်ငံရေးလမ်းပြမြေပုံများကို အကောင် အထည်ဖော်ဆောင်ရွက်သည်။