မော်ဖိုးမြာ
ဘဏ္ဍာရေးမှူး
မော်ဖိုးမြာသည် ၂၀၂၃ ခုနှစ်တွင် IEC ကို စတင်ဖွဲ့စည်းချိန်မှစ၍ အဖွဲ့ဝင်တစ်ဦးအဖြစ် ပါဝင်ခဲ့သည်။ သူ(မ)သည် မြန်မာနိုင်ငံတွင်းနှင့် ပြည်ပနိုင်ငံများတွင် အခြေစိုက်သော နိုင်ငံတကာအဖွဲ့အစည်းများတွင် ဆယ်နှစ်ကျော်ကြာ လုပ်ငန်းအတွေ့အကြုံရှိခဲ့သည်။ လက်ရှိတွင် IEC ၌ ဦးစီးကောင်စီအဖွဲ့တစ်ဦးအဖြစ် ဦးဆောင်သူအခန်းကဏ္ဍမှ ပါဝင်လျက်ရှိပြီး ဘဏ္ဍာရေးမှူးတစ်ဦးအဖြစ် တာဝန်ယူကာ ပြည်သူ့ဘဏ္ဍာရေးဆိုင်ရာ ကိစ္စရပ်များတွင် စီမံကိန်းရေးဆွဲခြင်း၊ စီမံခန့်ခွဲခြင်းနှင့် တွက်ချက်ခြင်းတို့ကို တာဝန်ယူဆောင်ရွက်လျက်ရှိသည်။ ဘဏ္ဍာရေးမှူးတစ်ဦးဖြစ်သော မော်ဖိုးမြာသည် ပြည်သူ့ရေးရာဘဏ္ဍာရေးမူဝါဒများကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် အခရာကျသော အခန်းကဏ္ဍမှ ပါဝင်သည်။ သူ(မ)၏ ပြည်သူ့ရေးရာဘဏ္ဍာရေးစီမံခန့်ခွဲမှုတွင် ကျွမ်းကျင်ပိုင်နိုင်မှုသည် ပြည်သူ့ဝန်ဆောင်မှုများ၊ လူသားချင်းစာနာထောင်ထားမှုဆိုင်ရာတုံ့ပြန်ဆောင်ရွက်မှုများ၊ စီးပွားရေးဖွံ့ဖြိုးတက်မှုနှင့် ဖွံ့ဖြိုးရေးကဏ္ဍများကို ပို၍ ထိရောက်မှုရှိစွာ ဆောင်ရွက်နိုင်ရန် လောင်စာသဖွယ် အားဖြည့်ပေးလျက်ရှိသည်။ သူ(မ)၏ ပြည်သူ့ရေးရာဘဏ္ဍာရေးကိစ္စရပ်များတွင် တိကျသေချာစွာ အာရုံစူးစိုက်ဆောင်ရွက်မှုများသည် ကြားကာလအတွင်း ကရင်နီတပြည်လုံး၏ ဘဏ္ဍာရေးဆိုင်ရာကိစ္စရပ်များအတွက် ထိရောက်၍ အကျိုးရှိသော သက်ရောက်မှုများကို ဖြစ်ထွန်းစေလျက်ရှိသည်။