ခူးပလုရယ်
အထွေထွေအတွင်းရေးမှူး

ခူးပလုရယ်သည် ကယားပြည်နယ်ငြိမ်းချမ်းရေးစောင့်ကြည့်ရေးကွန်ရက် (KSPMN) တွင် အဖွဲ့ဝင်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးသူဖြစ်သည်။ ၎င်းအနေဖြင့် ကရင်နီပြည်အတွင်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် (၁၅) နှစ်ကြာ ပါဝင် ဆောင်ရွက်ခဲ့သည်။ ၂၀၁၂ ခုနှစ်တွင် မြန်မာအစိုးရနှင့် ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) တို့အကြား ချုပ်ဆိုခဲ့သော အပစ်အခတ်ရပ်စဲရေး စာချုပ်အရ၊ ကယားပြည်နယ်ငြိမ်းချမ်းရေး လေ့လာစောင့်ကြည့်ရေးကွန်ရက် (KSPMN) ကို ဦးဆောင်ဖွဲ့စည်းခဲ့ပြီး ငြိမ်းချမ်းရေးလေ့လာစောင့်ကြည့်ရေးလုပ်ငန်းစဉ်တွင် ထဲထဲဝင်ဝင် ပါဝင်ခဲ့သည်။ ထိုကွန်ရက်၏ ဦးဆောင်အဖွဲ့ဝင် နှင့် ပြောရေးဆိုခွင့်ရှိသူ (Spoke Person) အဖြစ် တာဝန်ယူခဲ့သည်။
ခူးပလုရယ်သည် ၂၀၂၀ ခုနှစ်၊ အထွေထွေရွေးကောက်ပွဲတွင် ဒေသခံတိုင်းရင်းသားပါတီတစ်ခုဖြစ်သော ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီ (KySDP) ကို ကိုယ်စားပြု၍ ဒီးမော့ဆိုမြို့နယ်၊ ပြည်နယ် မဲဆန္ဒနယ်အမှတ် (၁) မှ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။ ၂၀၂၁ ခုနှစ်၊ ဧပြီလ (၉) ရက်၌ ကရင်နီပြည် အတိုင်ပင်ခံကောင်စီ (KSCC) တွင် ပါဝင်ခဲ့ပြီး အတွင်းရေးမှူးအဖွဲ့ အဖွဲ့ဝင်တစ်ဦးအဖြစ် ခန့်အပ်တာဝန်ပေးခြင်းခံရသည်။
၂၀၂၃ ခုနှစ်၊ ဇွန်လ (၆) ရက်တွင် ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) ၏ အထွေထွေအတွင်းရေးမှူးအဖြစ် ခန့်အပ် တာဝန်ပေးခြင်းခံရသည်။